Header Ads

test

၀၀၇။တရားနေမင်းကျူး

လု၊ ၂၄း၁၉
SUN OF MY SOUL

၁ ဖြောင့်မတ်ခြင်း၏တရားနေမင်း။
ကိုယ်တော်ရှေ့၌ညဉ့်နက်ပျောက်လွင့်။
ရွှေမျက်နှာတော်မကွယ်စိမ့်ငှါ။
မိုဃ်းတိမ်ရီမှောင်ဖျောက်တော်မူပါ။

၂ ကိုယ်တော်၏ကျွန်ပင်ပန်းသဖြင့်၊
မျက်လွှာလေးလံ၍အိပ်ပျော်လျှင်၊
ကယ်တင်ပိုင်ရှင်ရင်ခွင်တော်မှာ၊
အမောပြေသော်မြတ်မင်္ဂလာ။

၃ ကိုယ်တော်မြတ်ရှိတော်မူမှသာ၊
ကျွန်ုပ်နေဝံ့သေဝံ့နိုင်ပါ။
ကျွန်ုပ်အနားကိုယ်တော်ကိန်းဝပ်၊
ကြွတော်မူပါ၊ နေ့ညဉ့်မပြတ်

၄ အကြင်သူသည်ယနေ့တွင်ပင်
သမ္မာတရားကိုငြင်းပယ်လျှင်၊
ထိုသူနောက်နောင်မမှားစိမ့်ငှါ၊
လမ်းလွဲရာမှကယ်ချွတ်မူပါ။

၅ မမာမကျန်း၊ ဆင်းရဲသူတို့၊
ဤညဉ့်မြည်တမ်းသောသူတို့ကို၊
ဘဏ္ဍာတော်တိုက်ကိုဖွင့်သဖြင့်၊
နှစ်သိမ့်စေတော်မူပါ၊ အရှင်။

၆ နံနက်ကျွန်ုပ်တို့နိုးကြလျှင်၊
အသီးအသီးလုပ်ကိုင်သည်တွင်၊
လမ်းဆုံးမှာလည်း၊ ရွှေကောင်းကင်မှာ၊
ကောင်းကျိုးကိုပေးမူပါဘုရား။

No comments