Header Ads

test

၀၀၅။ညဦးအချိန်ကျူး

၅ လု၊ ၂၄း၂၉
Abide with me ! fast falls the eventide


ညဦးအချိန်ရှိပြီ။ မိုဃ်းလည်းချုပ်သည်။
ကိုယ်တော်အပြင်မစနိုင်သူမရှိ။
အကျိုးနည်းသူကိုထောက်ပံ့အံ့သောငှါ။
အကျွန်ုပ်နှင့်ဝင်၍နေပါဘုရား။


အဆုံးတိုင်အောင်၊ အသက်တာဆုတ်လျော့သည်။
မြေကြီးစံစားရာမွဲ၊ ဘုန်းလည်းကွယ်၏။
ဤလောက၌အနိစ္စသာထင်ရှား။
အမြဲတည်ရှင်၊ ကြွလာ၊ နေတော်မူပါ။


ဒဏ်ပေးပိုင်မင်းကြီးအာဏာနှင့်မဟုတ်၊
ကရုဏာတော်ဖြင့်ဒုက္ခမှရွေးနှုတ်၊
သက်သာစေသောအတောင်တော်နှင့်တကွ၊
ကြွလာ၊ အကျွန်ုပ်ထံနေတော်မူပါ။



 အစဉ်ကိုယ်တော်ကိုဖူးတွေ့လိုပါ၏။
မာရ်နတ်တန်ခိုးဘယ်သူချိုးနိုင်သနည်း။
ကိုယ်တော်မြတ်သာလျှင်တတ်နိုင်တော်မူရာ၊
ဩ၊ ကျေးဇူးရှင်၊ နေမြဲနေတော်မူပါ။



ကောင်းကျိုးပေးရန်၊ အနားမှာနေမူလျှင်
ဘေးများအတွက်မစိုးရိမ်ပါ၊ အရှင်၊
သေမင်းလက်နက်အဘယ်မှာရှိသနည်း၊
တန်ခိုးတော်အားဖြင့် ကျွန်ုပ်အောင်လိမ့်မည်။


လက်ဝါးကပ်တိုင်တော်လင်းကျေးဇူးအားဖြင့်။
စုတေ့သော်၊ မျက်စိမှုန်ကိုယ်တော်ဖျောက်လွှင့်။
ရွှေကာင်းကင်အရုဏ်တတ်၊ မြေကြီးကွယ်သွား။
ကျွန်ုပ်အပါးနေတော်မူပါဘုရား။

No comments