Header Ads

test

ကျေးဇူးတော်

တေးဆို -
တေးရေး -

အမိဝမ်းထဲရှိစဉ်ကပင် စောင်းရှောက်လို့နေခဲ့
တို့ရဲ့ ဆံနွယ်တွေတောင် ရေတွက်နိုင်တယ်
ဒီလောကကြီးထဲအသက်ရှင်စဉ် လျှောက်လှမ်းရမဲ့
လမ်းတွေလည်း   သူ့ရဲ့ အကြံစည်အတိုင်းရှိတယ်တဲ့

စားဝတ်ဖို့ နေဖို့  ပူပန်စရာတွမလိုဘူး
စာငှက်လေးတစ်ကောင်တောင် ပစ်ပယ်မထားဘူး
တောနှင်းပင်ကိုလည်း အဝတ်ချည်းစည်းမထားဘူး
ယနေ့ထိတိုင်အောင် လမ်းပြပို့ဆောင်မြဲ

နံနက်တိုင်း ဂုဏ်တော်ကို ချီးမွမ်းမည်
ညရောက်တိုင်း ကိုယ်တော်ထံသီကျူးမည်
ကိုယ်တော်ပေးတဲ့ ကျေးဇူးတော်
အစဉ်ရေတွက်၍ ချီးမွမ်းမည်
နာမတော်သည် ကာလအစဉ်တည်ပါ၏

ကိုယ်တော်ကောင်းမြတ်ခြင်းတွေ
ရေတွက်လို့မဆုံးနိုင်ပြီ
ကိုယ်တော်ပေးတဲ့သက်စမ်းရေ မကုန်ခမ်းနိုင်
ကျေးဇူးတော်အပေါင်းကို... ချီးမွမ်းပါမည်
ကတိတော်များစွာ အမြဲတည်စေခဲ့သူ

(နာမတော်သည် ကာလအစဉ်တည်ပါ၏)

No comments