Header Ads

test

ကားတိုင်ပေါ်မှမေတ္တာတော်

တေးဆို -
တေးရေး -

ကျွန်ုပ်၏အပြစ်များလွတ်ရန်
ကားတိုင်ပေါ်ယေရှုအသေခံ
ကျွန်ုပ်ပြစ်များဆေးကြောဖြူစင်ရာ
အသွေးများယိုစီးလျက်ကျ
မေတ္တာတော်လွန်ကြီးမြတ်လှ
ကျွန်ုပ်ကိုယ်စား ယေရှုသေခံရှာ

ခြေတော်နှင့် လက်တော်တို့မှာ
သံချက်ရာကြောင့်မဟုတ်ပါ
ကျွန်ုပ်ကို ချစ်တော်မူသောမေတ္တာ
ကျွန်ုပ်၏အပြစ်များလွတ်ရန်
ကားတိုင်ပေါ်ယေရှုသေခံ
ကျွန်ုပ်ကိုယ်စား ယေရှုသေခံရှာ

ဒုစရိုက်ပြစ်များတို့တွင် ကျွန်ုပ်နစ်မွန်းနေစဉ်
ကယ်မည့်သူ တစ်ဦးမျှမရှိပါ
ယေရှုရှင် ကိုယ်တော်သာလျှင်
ကျွန်ုပ်ကို ရွေးနှုတ်ကယ်တင်
ယခုဝမ်းမြောက်ပျော်ရွှင်လာ
ဒုစရိုက်အပြစ်များတို့နှင့်
အကျွန်ုပ်ယခုကင်းစင်
ဝိညာဉ်တော်နှင့် ပြည့်ဝလျက်ရှိရာ
ကိုယ်တော်၏ဂုဏ်ကျေးဇူးများ
နေ့စဉ်ပင်ချီးမွမ်းလျက်သာ
ကောင်းကင်အိမ်တော်နှင့် သာ၍နီးလာ

No comments