Header Ads

test

၀၀၈။ကိုယ်တော်အပါးချဉ်းကပ်ကျူး


လု၊ ၉း၁၁
AT EVEN ERE THE SUN WAS SET


ညနေချမ်းနေဝင်ချိန်အခါ၊
ကိုယ်တော်ပတ်လည်သူနာအများ၊
ဝိုင်းဝန်းတိုးဝှေ့ဆည်းကပ်ကြရာ၊
ရောဂါကင်းလျက်သွားကြရရှာ။


ကျွန်ုပ်တို့သည်ထိုသို့ပမာ
ရောဂါအမျိုးမျိုးကပ်လာ၊
ကိုယ်တော်ကိုမျက်မှောက်မပြုသာ
သို့သော်ကိုယ်တော်ရှိကြောင်းသိရ။


ကိုယ်တော်မေတ္တာတွေ့ကြသောအခါ
မေ့လျော့ကြပြီအနာရောဂါ၊
အိုကယ်တင်ရှင်ကျွန်ုပ်တို့မှ
ဆင်းရဲဒုက္ခကယ်ရှင်းမူပါ။


ကိုယ်တော်လက်တော်နှင့် တို့မူပါ၊
ကိုယ်တော်အသံတော်လွန်သာယာ
ဤညနေချမ်းနေဝင်အချိန်ခါ၊
ကယ်မချမ်းသာပေးတော်မူပါ။

Myanmar Christian Lyrics

No comments