Header Ads

test

ကျွန်ုပ်၏နေရာ

တေးဆို - ကိုထွေး
တေးရေး -

V1:
အသန့်ရှင်းဆုံး သခင့်ရဲ့ ရှေ့တော်မှာ
အစဥ် ဒူးထောက်ပျပ်ဝပ်
မျှော်လင့်တဲ့ သခင့်ရဲ့
မျက်နှာတော် မြင်ရဖို့ စောင့်မျှော်

PRE:
(နှုတ်ဖြင့်မြွက်ဆိုမမှီနိုင်သော မျက်မှောက်တော်မှာ
သခင့်ရဲ့ ဘုန်းတော်  မြင်ရသော အချိန်/အခါ)

CHO:
ထိုနေရာ ကျွန်ုပ်အတွက် ပြင်ဆင်သောအရပ်
ကိုယ်တော်နဲ့ အမြဲတမ်းဆုံတွေ့ရာ
ထာဝရမြဲသော ကိုယ်တော်ဘုန်းတန်ခိုး
အစုံလင်ဆုံး ကျွန်ုပ်သက်ဆိုင်သောနေရာ
ထိုနေရာကို မျှော်လင့် ဝိညာဥ်မှာ
အော်ဟစ်အတမ်းတဆုံး
ကိုယ်တော်ကို မြင်ရမဲ့နေရာ

V2:
စိတ်ကူးနဲ့ တွေးတောလို့မမှီနိုင်
စကားလုံးများ ဖွဲ့မကုန်
ထာဝရဘုန်း လင်းလက်သော နေရာ
သခင်ဘုရားရဲ့ ရှေ့တော်


Download

No comments