Header Ads

test

ကျန်းမာခြင်းအရှင်

တေးဆို -
တေးရေး -

အဖ၏သန့်ရှင်းအကြင်နာ  ဘဝ၏မျှော်လင့်ခြင်းအရှင်
သခင့်အသက်ကိုပင်စတေး ကျွန်ုပ်အပြစ်ကြွေးလွတ်ရန်အတွက်
အသွေးနှင့် ရွေးဝယ်ပြီ ..
တန်ခိုးတော်အနန္တအရှင်သခင် မေတ္တာအလွန်ကြီးမြတ်သူ
အမြဲဆပ်၍မကုန်သော သခင့်ရဲ့ ကျေးဇူးတော်များ
အကြင်နာနှင့်ကရုဏာ….

ကိုယ်တော်ရှင်ရှေ့မှောက် ငိုယိုကာ ဒူးထောက်
ကိုယ်တော် ကျွန်ုပ်ဘဝ၏ အဖြေပင်
ယေရှုကိုယ်တော်အား အစဥ်ယုံကြည်ကိုးစား
အရာရာခပ်သိမ်းအား ကိုယ်တော်ပိုင်မူပြီ

ယေရှုဘုရား ကျန်းမာစေသူ..
အသွေးမြတ်သွန်းကာ သန့်ရှင်းပေးသူ
ဝေဒနာများ ရှင်းလင်းစွာပျောက်ကင်း
အနှိုင်းမဲ့မေတ္တာ ဒဏ်ချက်များဖြင့်

တန်ခိုးတော်အနန္တအရှင်သခင် မေတ္တာအလွန်ကြီးမြတ်သူ
အမြဲဆပ်၍မကုန်သော
သခင့်ရဲ့ ကျေးဇူးတော်များ
အကြင်နာနှင့်ကရုဏာ….
ယေရှုဘုရား ကျန်းမာစေသူ..
အသွေးမြတ်သွန်းကာ သန့်ရှင်းပေးသူ
ဝေဒနာများ ရှင်းလင်းစွာပျောက်ကင်း
အနှိုင်းမဲ့မေတ္တာ ဒဏ်ချက်များဖြင့်

နှလုံးသားကိုဖွင့်၍ သခင့်ရှေ့တော်ဒူးထောက်
ယုံကြည်စွာမျှော်လင့် သခင့်အား
နှလုံးသားကိုဖွင့်၍ သခင့်ရှေ့တော်ဒူးထောက်
ယုံကြည်စွာမျှော်လင့် ကိုယ်တော်ရှင်အား

ယေရှုဘုရား ကျန်းမာစေသူ..
အသွေးမြတ်သွန်းကာ သန့်ရှင်းပေးသူ
ဝေဒနာများ ရှင်းလင်းစွာပျောက်ကင်း
အနှိုင်းမဲ့မေတ္တာ ဒဏ်ချက်များဖြင့်

No comments